နေပြည်တော် ဇူလိုင် ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီဌာနပေါင်းစုံ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဘောလုံးအားကစားကွင်း၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဝန်ထမ်းများ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်ကိုယ်စားပြု ဘောလုံးအားကစားသမား နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ပရိသတ်များက စိုက်ပျိုးရေးဦးစီးဌာန အသင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက ဒုတိယဆုရ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအသင်းနှင့် တတိယဆုရ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အသင်းတို့ကိုလည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုနှင့် အကောင်းဆုံးအားကစားသမားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပထမဆုရ စိုက်ပျိုးရေးဦးစီးဌာနအသင်း ကို ပထမဆုဖလားနှင့် တစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
သတင်းစဉ်