Skip to main content

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇူလိုင် ၂၉

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွမ်းလုံမြို့ရှိ သာသနာ့အလင်းရောင်ကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ကောင်းစေတီတောရကျောင်း၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဓမ္မရက္ခိတ ခြံကျောင်းတိုက်၊ သထုံမြို့ မင်္ဂလာအေးကမ္မဋ္ဌာန်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါကျေးရွာရှိ သီလဝါသီလရှင် ပညာရေးကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဗောဓိဓမ္မကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မဟိန္ဒာရာမ(မိုးညို)ကျောင်းတိုက်၊ ညောင်ပင်သာကျေးရွာ ဓမ္မဝိနယာလင်္ကာရကျောင်းတိုက်၊ ရပ်ကွက်ကြီး(၁)ရှိ ရွှေဆင်မင်းသီလရှင် စာသင်တိုက်၊ ရပ်ကွက်ကြီး(၂)ရှိ ဇယန်းသာသနာ့ရက္ခိတသီလရှင်စာသင်တိုက်၊ ရွာသစ်ကလေးကျေးရွာရှိ တပ်ဦးဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ၊နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်