နေပြည်တော် ဇူလိုင် ၂၇
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် တပ်မတော်(လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လေတပ်စခန်း၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် အရာရှိ/စစ်သည် မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)က ဂုဏ်ပြုအမှာစကား ပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ခြောက်ဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၃၉ ဦး၊ ရိုးရိုးအောင်စစ်သည် ၂၁ ဦးတို့ကို ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်