နေပြည်တော် ဇူလိုင် ၂၅
၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရရှိသူများ၊ နိုင်ငံတော်အဆင့် ဆောင်းပါးဆုရရှိသူများနှင့် တက္ကသိုလ်ပညာသင်ဆုရရှိကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့တွင် မွန်ပြည်နယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီးပြုလုပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ဆုရကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရရှိသူများ၊ နိုင်ငံတော်အဆင့် ဆောင်းပါးဆုရရှိသူများနှင့် တက္ကသိုလ်ပညာသင်ဆုရရှိကြသူများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်