Skip to main content

တရားမအထူးအယူခံမှု (၅) မှု ရုံးထိုင်ကြားနာ

နေပြည်တော် ဇူလိုင် ၂၅

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊  ဦးသောင်းနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၀ (မန္တလေး)၊ ၂၈/ ၂၀၂၁ (ရန်ကုန်)၊ ၃၀/ ၂၀၂၁ (မကွေး)၊ ၃၂/ ၂၀၂၁ (မန္တလေး) နှင့် ၂၀/၂၀၂၂ (ရန်ကုန်) စုစုပေါင်းတရားမအထူးအယူခံမှု (၅)မှုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)