Skip to main content

ကြက်သွန်နီဈေးနှုန်း မြင့်တက်လျက်ရှိ

ကယားပြည်နယ်တွင် အခြေခံစားကုန်စားဖိုဆောင်သီးနှံကို ပြည်နယ်တွင်းစိုက်ပျိုးမှုလျော့ နည်းသဖြင့် စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့်မိထ္ထီလာမှ အများဆုံး တင်သွင်းရပြီး ဇွန်လတွင် ပြည်နယ်အတွင်း ကြက်သွန်နီဝင်ရောက်မှုမှာ (၂၄၂၀) အိတ် (  ၇၂၆၀၀ ) ပိဿာရှိခဲ့ပြီး ယခုလက်ရှိ ဇူလိုင်ပထမပတ်တွင် ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လပထမပတ်တွင် ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၁၂၀၀)ကျပ်သာ ရှိခဲ့ပြီး ယခင်ဇွန်လ ပထမပတ်နှင့် ယခုဇူလိုင်လပထမပတ်နှိုင်းယှဉ်လျှင် ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၈၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှ ပြည်နယ်တွင်း စိုက်ပျိုးထုတ်လုပ်နိုင်မှုလျော့နည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက် အခဲများရှိခြင်း၊ စက်သုံးဆီဈေးနှုန်းများကြီးမြှင့်၍ သယ်ယူစရိတ်များ  မြင့်မားလာခြင်းကြောင့် ဖြစ်သည်ဟု နောင်ယားဈေးရှိ ကြက်သွန်နီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)