Skip to main content

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၂/၂၀၂၂)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် အမှတ်တံ ဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်းသော လုပ်ငန်းစဉ်များကို ကောင်းစွာနားလည် သဘောပေါက်ပြီး မှန်ကန်စွာဆောင်ရွက်နိုင်စေရန် “မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စား လှယ်သင် တန်း များကိုအမိန့်အမှတ် (၆၃/၂၀၂၀) အရ WIPO File စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းကို ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များအတွက် လည်းကောင်း၊ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအတွက်လည်းကောင်း Virtual စနစ်ဖြင့် အမှတ် တံဆိပ်မှတ်ပုံတင် ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း (၂/၂၀၂၂) ကိုအောက်ပါအတိုင်း ဖွင့်လှစ်မည်ဖြစ်ပါသည်-

နေ့ရက် - (၂၅-၇-၂၀၂၂) ရက်နေ့မှ (၃-၈-၂၀၂၂) ရက်နေ့ထိ (စနေ၊ တနင်္ဂနွေမပါ)။

အချိန်   - နံနက် ၉:၀၀ နာရီမှ ၁၂:၃၀ နာရီထိ။

မှတ်ချက်   -  WIPO File Account ရရှိထားသူများအားလုံးတက်ရောက်ရန် လိုအပ်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်မည့်သူများတောင်းဆိုချက်အရ သင်တန်းချိန်ကို ပြင်ဆင်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

www.ipd.gov.mm ->ကုန်အမှတ်တံဆိပ်နှင့် ဒေသဆိုင်ရာအညွှန်း−> ကုန်အမှတ်တံဆိပ်−> လျှောက်လွှာပုံစံများ