မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မိုးနေကြာမျိုးစေ့ထုတ် စိုက်ဧက ၁၃၅ ဧက စိုက်ပျိုးရန် လျာထားပြီးဖြစ်ပါသည်။
စိုက်ပျိုးသောမျိုးများမှာ စင်ရွှေကြာ(၂) မျိုးနှင့် ရေဆင်း(၁) မျိုးတို့ဖြစ်ပါသည်။ မျိုးစေ့ထုတ်နေကြားများမှာ မေလမှ အစောစိုက်၍ သြဂုတ်လဆန်းတွင် စတင်ရိတ်သိမ်းသွားမှာ ဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ နည်းပညာ ပေးခြင်း၊ မျိုးကောင်းမျိုးသန့် ဧရိယာ ကျယ်ပြန့်လာစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထွက်ရှိလာသော မိုးနေကြာ မျိုးစေ့များကို ဒေသအတွင်း နေကြာစိုက်ပျိုးမည့် တောင်သူများထံ ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်၍ ပိုလျှံမျိုးစေ့များကို တိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း၊ တောင်သူအချင်းချင်း မျိုးဖလှယ်ခြင်းများလည်း ရှိကြောင်းသိရှိရပါသည်။ မိုးနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား တစ်ဧကလျှင် ယူရီးယားမြေသြဇာ အိတ်ဝက်နှုန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်းနှင့် တောင်သူများမှာလည်း ယခုအခါ မိုးနေကြာစိုက်ပျိုးရန် ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။
DOCA(မန္တလေး)