Skip to main content

ပြည်မြို့ရှိ တစ်ပိုင်တစ်နိုင်မြေပဲဆုံဆီလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခြင်း

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးနိုင်လင်းထွန်းနှင့် ဝန်ထမ်းအဖွဲ့သည် (၅.၇.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပြည်ခရိုင်၊ ပြည်မြို့နယ် အတွင်းရှိ တပိုင်တနိုင် မြေပဲဆုံဆီလုပ်ငန်း လုပ်ကိုင်ရောင်းချလျှက်ရှိသော လုပ်ငန်းနေရာသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

ပြည်မြို့နယ်၊ မူယာပင်ရပ်၊ ရတနာမာန်အောင်လမ်းမပေါ်ရှိ အိမ်တွင်းစီးပွားဖြစ် ရောင်းချ နေသော ရွှေဝါသင်း ဆုံဆီလုပ်ငန်းလုပ်ကိုင်လျှက်ရှိသော ဆီဆိုင်သို့သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ မြေပဲဆုံဆီကြိတ်ခွဲရာတွင် မြေပဲလုံးဆန်တစ်မျိုးတည်းကိုသာ ဝယ်ယူကြိတ်ခွဲသည်ဟု သိရသည်။

ဆီကြိတ်ရန်အတွက် မြေပဲဆန်ကို မကွေးမြို့နှင့် ပခုက္ကူမြို့များသို့ ကိုယ်တိုင်သွား ရောက်၍ ဝယ်ယူလျှက်ရှိကြောင်း၊ မြေပဲဆုံဆီကြိတ်ခွဲရာတွင် မြေပဲဆန်လုံးဆန် (၄) ပြည်ကို ဆီကြိတ်လျှင် မြေပဲဆီတစ်ပိဿာခန့်ထွက်ရှိပြီး မြေပဲဖတ်(၃)ပိဿာ ထွက်ရှိကြောင်း၊ မြေပဲဆီကို တစ်ပိဿာလျှင်
(၁၁၀၀၀)ကျပ်ဖြင့် ရောင်းချပြီး မြေပဲဖတ်တစ်ပိဿာ လျှင်(၂၁၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ တစ်ပိုင်တစ်နိုင် မြေပဲဆီကြိတ်ခွဲရာတွင် တစ်နေ့လျှင် ဆီ(၂၁)ပိဿာခန့် ထွက်ရှိပြီး ထွက်ရှိလာသောဆီများကို ပြည်မြို့နယ် ဒေသတွင်းနှင့်အခြားမြို့ နယ် များသို့ လက်လီ/လက်ကား ရောင်းချကြောင်းနှင့် အသားတင်အကျိုးအမြတ် အနေဖြင့် ပဲဆီတစ်ပိဿာရောင်းရလျှင် အနည်းဆုံး ၅၀၀၀-၆၀၀၀ကျပ် ခန့်ရရှိသည်ဟု သိရှိရသည်။ 

DOCA(ပဲခူး)