စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အစေ့ထုတ်ပြောင်း(CP)စိုက်ဧက (၁၉၈၈၆၄)ဧက စိုက်ပျိုးပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တွင် မိုးစိုက်ဧက (၂၁၀၆၀၈) ဧကနှင့် ဆောင်းစိုက်ဧက (၂၅၀၂၅) ဧက၊ စုစုပေါင်း (၂၃၅၆၃၃) စိုက်ပျိုးပါကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ဧက (၃၆၇၆၉) ဧက ပိုမိုစိုက်ပျိုးပါကြောင်း၊ ယခင်နှစ်များတွင် နှမ်းသီးနှံနှင့် ပဲတီစိမ်းသီးနှံ များကို ပိုမိုစိုက်ပျိုးပါကြောင်း၊ ယခုနှစ်တွင် လုပ်အားခများပြားခြင်း၊ လုပ်သားရှားပါးခြင်းနှင့် ရာသီဥတု အခြေအနေပေါ်မူတည်ပြီး အစေ့ ထုတ်ပြောင်း(CP)ကို ပိုမိုစိုက်ပျိုးလာကြကြောင်း၊ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ်မှာ (၃၅၀၀၀၀) ခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၁၄၇၀၀) ကျပ် ရရှိကြောင်း၊ တစ်ဧကပျှမ်းမျှ အထွက်နှုန်းအနေဖြင့် (၇၀)တင်းထွက်ရှိပါသဖြင့် တစ်ဧက ဝင်ငွေအနေ ဖြင့် ကျပ် (၁၀)ကျော်ခန့် ရရှိပါသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ် (၇)သိန့်ခန့်ရရှိ ကြောင်း၊ ပဲတီစိမ်းသီးနှံကဲ့သို့ လုပ်သားအင်အား အသုံးမပြုရသဖြင့် အဆင်ပြေကြောင်း ဆူးလေ ကုန်း၊ ကျွန်းသာယာ၊ ဘုမ္မနိုးကျေးရွာများရှိ တောင်သူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)