ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ ဆောင်ပြောင်း၊ ကုန်းသာ ကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ဂျင်းကို ဟင်းခတ်အမွေးအကြိုင်အဖြစ်ရိုးရာ အစားအစာများ၊ ဟင်းလျာများတွင် အသုံးများသဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခုဇူလိုင်လပထမပတ်တွင် ဈေးကွက်အတွင်းဒေသထွက် ဂျင်းတစ်ပိဿာလျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဇွန်လပထမပတ်တွင် ဒေသထွက်ဂျင်းတစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်သာရှိခဲ့ပြီး ယခင်ဇွန်လပထမပတ်နှင့် ယခုဇူလိုင်လပထမပတ်နှိုင်းယှဉ်လျှင် ဒေသထွက် ဂျင်းတစ်ပိဿာလျှင် (၇၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရ ခြင်းမှာ ဂျင်းစိုက်တောင်သူများမှာ စိုက်ဧကအနည်းငယ်သာ စိုက်ပျိုးနိုင်ပြီး အချို့နေရာများတွင် အချိန်မီ တူးဖော်နိုင်မှုမရှိခြင်း၊ ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သီရိမင်္လာ ဈေး ဒေသထွက်ဂျင်း ရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)