နေပြည်တော် ဇူလိုင် ၂၄
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ မြို့ဦးတိုက်သစ်သံလမ်း ကျောင်း တိုက်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ အောင်မြေရတနာ ကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ ဥဿာပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ပြည်သဒ္ဓမ္မ ဇောတိကာရုံကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်မြေ ဘုံစံကျောင်းတိုက်သို့ လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ဟံသာဝတီပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း တာဝန်ရှိသူများ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်း ကြကြောင်း သိရသည်။
သတင်းစဉ်