Skip to main content

လေးမျက်နှာမြို့၌ ငဝန်မြစ်အတွင်း ငါးသားပေါက်များ မျိုးစိုက်ထည့်

လေးမျက်နှာ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သဘာဝမြစ်ချောင်းများအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုရရှိစေရေးတို့အတွက် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ခတ္တူကျေးရွာ ထူပါရုံစေတီဘေး ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပသည်။

ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ တက်ရောက်၍ နှစ်လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ နှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ ၁၅၀၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၃၀၀၀၀၀ အား ငဝန်မြစ်အတွင်း မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်