Skip to main content

အမရပူရမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာအနီးရှိ မြစ်ငယ်-ထုံးဘိုသွားကားလမ်းတွင် မျိုးလွင် (ခ)ပေါက်စိ မောင်းနှင်ပြီး ဖူးဖူး(ခ)အေးအေးအောင်နှင့် ကျော်ဇင်ဦး (ခ)စိုးကြီးတို့ လိုက်ပါလာသည့် Townace အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀ ကိုလည်းကောင်း၊ အလားတူ ဇူလိုင် ၂၂ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ် ဟိုနားကျေးရွာအုပ်စု ဟိုနားကျေးရွာအနီးရှိ မိုင်းဆတ်-မိုင်းပျဉ်းသွား ကားလမ်းတွင် စိုင်းကျော်ညွန့် မောင်းနှင်လာသည့် Toyota Hilux အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် ၁ ဒသမ ၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်