Skip to main content

သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၃

ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်လျက်ရှိသည်။

အမှိုက်များရှင်းလင်း

ထိုသို့ ဆောင်ရွက်လျက်ရှိရာယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အပါအဝင် မြို့နယ် ခုနစ်မြို့နယ်တို့၌လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အပါအဝင် မြို့နယ်သုံးမြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နှင့် မိုးနဲမြို့တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ အပါအဝင် မြို့နယ်ငါးမြို့နယ်တို့၌လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်အပါအဝင် မြို့နယ် လေးမြို့နယ် တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့ ၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရှိမြို့နယ် ၁၄ မြို့နယ်၊ အနောက်ပိုင်း ခရိုင်ရှိမြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိမြို့နယ် ကိုးမြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့အပအဝင် မြို့နယ်လေးမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အပါအဝင် မြို့နယ် ခုနစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၊ ပခုက္ကူမြို့နယ်နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အပါအဝင် မြို့နယ် ၁၁ မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့၌လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ အခြေခံပညာကျောင်း များ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း များတူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက် ပေးကြသည်။

ကြည့်ရှုအားပေး

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးမှတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်