နေပြည်တော် ဇူလိုင် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီဌာနပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက်က စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီဌာနပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကိုယ်စားပြု ဘောလုံးအသင်းများ၏ ယှဉ်ပြိုင်ကစားမှုများနှင့် စိုက်ပျိုးရေးတက္ကသိုလ် ဘောလုံးအားကစားကွင်း၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ်ကိုယ်စားပြု ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဘောလုံးအားကစား အပါအဝင် ဖူဆယ်ဘောလုံး၊ ကြက်တောင်ရိုက်၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ရေကူး၊ ပိုက်ကျော်ခြင်း အစရှိသည့် အားကစားပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ အဆိုပါအားကစားပွဲများတွင် ထူးချွန်သူများကို ဝန်ကြီးဌာန ကိုယ်စားပြုပြိုင်ပွဲများမှတစ်ဆင့် လက်ရွေးစင်သမားများအဖြစ် ဆက်လက်ကြိုးစားနိုင်ရန် ပြုစုပျိုးထောင် အားပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်