Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာခရက်ဒစ်ဗျူရို၏ ဒါရိုက်တာအဖွဲ့ဝင်များ အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၁

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာခရက်ဒစ်ဗျူရို၏ ဒါရိုက်တာအဖွဲ့ဝင်များ တွေ့ဆုံအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုးနှင့် အရာထမ်းများ၊ မြန်မာခရက်ဒစ်ဗျူရို၏ဥက္ကဋ္ဌ ဦးဇော်လင်းအောင်၊ ဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သော ဦးဇော်မိုးအောင်၊ Mr. William Linn ၊ Ms. Lee Sin Jit ၊ Head of Operation ဒေါ်ကျော့ကေခိုင်နှင့် ဒါရိုက်တာ အဖွဲ့အတွင်းရေးမှူး ဒေါ်မြတ်နိုးသဇင်နိုင်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဘဏ်များက ချေးငွေသတင်းအချက်အလက် အစီရင်ခံခြင်းစနစ်၌ Data အချက်အလက်များနှင့် ဆောင်ရွက်ပြီးစီးမှု၊ ဘဏ်များ ပါဝင်ဆောင်ရွက်သည့် အခြေအနေ၊ ဗဟိုဘဏ်က ကူညီပံ့ပိုးပေးရမည့် အခြေအနေများကို ဆွေးနွေးသည်။

ဆက်လက်၍ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်က ဘဏ်များ၏ Credit Reporting နှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန် လိုအပ်သည့်အချက်များ၊ Data Security ပိုင်းကိုလည်းကောင်း၊ မြန်မာခရက်ဒစ်ဗျူရို၏ Head of Operation ဒေါ်ကျော့ကေခိုင်က လက်ရှိဘဏ်များက Data Upload အခြေအနေ၊ Credit Data များ၏ နောက်ဆုံးရရှိထားသည့် အခြေအနေ၊ Credit Report ကို လအလိုက် ဘဏ်များက အသုံးပြုလျက်ရှိသည့် အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို လည်းကောင်း၊ အဖွဲ့ဝင်ဘဏ်များအပေါ် ကောက်ခံမည့် အဖွဲ့ဝင်ကြေးနှင့် Reporting ရယူသည့် အပေါ်တွင် ကောက်ခံမည့် နှုန်းထားများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးကဏ္ဍအတွက် မြန်မာခရက်ဒစ်ဗျူရို၏ လက်တွေ့ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာခရက်ဒစ်ဗျူရိုနှင့် ပူးပေါင်း၍ Public Awareness ပိုမိုရရှိရေး၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်