နေပြည်တော် ဇူလိုင် ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင် နေသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးမျိုးမြတ်အောင် (အငြိမ်းစား) ကို ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) သင်တန်းတက်ရောက်ရန်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) တက်ရောက်၍ ပညာသင်ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်ကြီး မျိုးမြတ်အောင် (အငြိမ်းစား)၏ ကိုယ်ရေးအချက် အလက်များကို ဖတ်ကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဂုဏ်ထူး ၇ ခုဖြင့် အောင်မြင်
ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့(ဗဟိုဌာနချုပ်)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား)က ပညာသင်ဆု ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အဆိုပါ အရာရှိသည် နိုင်ငံတော်ကာကွယ် ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းတာဝန်ထမ်း ဆောင်ခဲ့ကြောင်း၊ ၎င်းအရာရှိသည် မလေးရှားနိုင်ငံ မလေးယား တက္ကသိုလ်မှ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကို ဂုဏ်ထူး ၇ ခုဖြင့် အောင်မြင်ခဲ့ပြီး လက်ရှိပညာ သင်နှစ်တွင် မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှခေါ်ယူသည့် ဖွံ့ဖြိုးမှု ပညာမဟာဘွဲ့ဝင်ခွင့် စာမေးပွဲအောင်မြင်၍ တက်ရောက်နေပြီ ဖြစ်သဖြင့် ယခုကဲ့သို့ ဂုဏ်ပြု ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
လက်ခံရယူ
ယင်းနောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှု ဆောင်အဖွဲ့ဥက္ကဋ္ဌက ပညာသင် ထောက်ပံ့ငွေကျပ် ၂၈ သိန်းကို ပေးအပ်ချီးမြှင့်ရာ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင် ဗိုလ်ကြီး မျိုးမြတ်အောင် (အငြိမ်းစား) က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်