Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရုပ်သံအစီအစဉ်များ ရိုက်ကူးလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုများ၌ ရုပ်သံအစီအစဉ်များ ရိုက်ကူးနေမှုများကိုကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုအားပေး

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စတူဒီယို (၁) တွင် သုတဝေဖြာ သီရိဂေဟာပွဲစဉ် (၇၅) ကျန်းမာရေးဆိုင်ရာ အသိပညာပေးရုပ်သံအစီအစဉ် ပြသနိုင်ရန်အတွက် သရုပ်ဆောင် ထူးပြည့်အောင်နှင့် ပွင့်နဒီမောင်တို့ စီစဉ်တင်ဆက်ပြီး ဟာသသရုပ်ဆောင်များနှင့် ၎င်းတို့မိသားစုများ ပါဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

ချီးမြှင့်ငွေများပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စတူဒီယို (ဒီ)၌ ဇူလိုင် ၂၂ ရက် သောကြာနေ့ ညတွင် Friday Night Live Show အဖြစ် ဖျော်ဖြေတင်ဆက်မည့် မြန်မာပြည်သိန်းတန်၏ သီချင်း ဒိုင်ယာရီ (၃) အစီအစဉ်အတွက် မြန်မာပြည်သိန်းတန်နှင့်အတူ စောဒယ်နီရယ်၊ အိအိလှိုင်၊ ချိုမီမီဇော်နှင့် ရေဂျီးနားတို့ သီဆိုအသံသွင်းနေမှုကိုလည်းကောင်း၊ Master Control Room ၌ ဩဂုတ် ၅ ရက် သောကြာနေ့ညတွင် Friday Night Live Show အဖြစ် ဖျော်ဖြေတင်ဆက်မည့် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့်အတူ သီဆိုလေ့ကျင့်နေမှု၊ စတူဒီယို (ဘီ)၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သံစုံတီးဝိုင်း လေ့ကျင့်တီးခတ်နေမှုတို့ကိုလည်းကောင်း၊ စတူဒီယို(စီ)၌ ရေဒီယိုအစီအစဉ်များ၊ အသံသွင်းနိုင်ရန်အတွက် ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ရေဒီယိုအစီအစဉ်များ အသံသွင်းမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးကာ ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

သတင်းစဉ်