Skip to main content

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဇူလိုင် ၁၇

၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်၌ ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက်နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါအခမ်းအနား ကျင်းပပုံများကို ဇူလိုင် ၁၉ ရက်နံနက် ၇ နာရီ မိနစ် ၄၀ အချိန်မှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD၊ MRTV News၊ MITV၊ MOI Website၊ MOI Youtube၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

သတင်းစဉ်