Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ လမ်း၊ တံတား၊ အဆောက်အဦဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကျိုင်းတုံဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကျိုင်းတုံဝန်ထမ်းအိမ်ရာ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်များ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ- တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းပေါ်ရှိ တံတားအမှတ် (၁/၆၂၉) ကျိုင်းဖောင်းတံတားသို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများကို စီမံချက်ပါအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ ပင်မတံတားပြီးစီးချိန်တွင် ချဉ်းကပ်လမ်းပါတစ်ပြိုင်တည်း ဟန်ချက်ညီပြီးစီးရန် လိုအပ်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုကိုလည်းကောင်း၊ ယင်းလမ်း၏ ၄ ဒသမ ၅ ကီလိုမီတာနှင့် ၅ ကီလိုမီတာအကြားရှိ ပေ ၅၀ တံတားနှင့် ၆ ဒသမ ၅ ကီလိုမီတာ နှင့် ၇ ကီလိုမီတာအကြားရှိပေ ၈၀ RC တံတား ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံ မြို့ရှောင်လမ်းစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ) ဦးရဲလင်းက ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လျာထားလုပ်ငန်းများကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ရန်၊ အကွေ့နေရာများတွင် သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ဆောင်ရွက်ရန်နှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် ကျောက်စီရေမြောင်း ဆောင်ရွက်ရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရီးစဉ်တွင် လမ်းညွှန်ချက်များအတိုင်း တာဝန်ရှိသူအဆင့်ဆင့်က အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်