Skip to main content

ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်း ရှမ်းပြည်နယ်အတွင်း စီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၇

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် တောင်ကြီးခရိုင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တာဝန်ထမ်းဆောင်နေကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု၊ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဘဏ္ဍာငွေသုံးစွဲမှုများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များအပေါ်မှာကြားပြီး မြို့နယ်နှင့်ခရိုင်အတွင်းရှိရုံးများသို့ ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် ဇူလိုင် ၁၆ ရက်က ကလောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကလောမြို့ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များ၊ သက်သာချောင်ချိရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်