ရန်ကုန် ဇူလိုင် ၁၁
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ရေနံချက်စက်ရုံအမှတ် (၁)ရှိ ဆိပ်ခံဗော(Pontoon)ကို ယမန်နေ့နံနက် ၁၁ နာရီတွင် ကြည့်ရှုစစ်ဆေးရာ ရေနံချက်စက်ရုံ အမှတ်(၁) စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ ရေကြောင်းဌာနမှူးချုပ်၊ ဒုတိယ ရေကြောင်းဌာနမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ဆိပ်ခံဗောမှာ ပြည်ထောင်စုတို င်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ အသစ်တည်ဆောက်မည် ဖြစ်သော ဆိပ်ခံဗောတံတား (Jetty) တွင် အသုံးပြုမည့် ဆိပ်ခံဗောဖြစ်သည်။ ဇူလိုင် ၁၁ ရက်တွင် ပြည်တွင်းရေကြောင်းပိုင် သင်္ဘောကျင်း၌ ဒေါက်တင် ပြင်ဆင်မည် ဖြစ်ပြီး ကောင်းမွန်သွားလျှင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်