Skip to main content

ကျောင်းသား ကျောင်းသူများကို ငယ်စဉ်ကတည်းကပင် မိမိအသိစိတ်ဓာတ်ဖြင့် ကြိုးစားလိုစိတ်ရှိအောင် သင်ကြားလေ့ကျင့်ပေးရန်လို

နေပြည်တော် ဇူလိုင် ၅

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်း (ပူတာအို)၌ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းသူများကိုတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ရပ်နှင့် အညီ တာဝန်ထမ်းဆောင်ရန်၊ ကျောင်းသား ကျောင်းသူများအား မိသားစုသဖွယ် သဘောထား၍ ပညာသင်ကြားပေးခြင်း၊ ဆုံးမသွန်သင်ပေးခြင်းများ ပြုလုပ်ပေးရန်၊ မူလတာဝန်ဖြစ်သည့် ရုံးလုပ်ငန်းများအပြင် ကျောင်းသား ကျောင်းသူများကို လိမ္မာယဉ်ကျေးမှုရှိအောင် ထိန်းကျောင်းပြုစု ပျိုးထောင်ကြရန်၊ ငယ်စဉ်ကတည်းကပင် မိမိအသိစိတ်ဓာတ်ဖြင့် ကြိုးစားလိုစိတ်ရှိအောင် သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ပြီး မိမိကိုယ်ကို ယုံကြည်မှုရရှိသည်အထိ ကြိုးစားအားထုတ်တတ်အောင် နည်းပေးလမ်းပြသင်ကြားပေးရန်နှင့် စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရန်၊ လူငယ်သင်တန်းကျောင်းအနေဖြင့် လက်ရှိရရှိထားသော တက္ကသိုလ်ဝင်တန်းအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းသွားရန်၊ အိမ်တွင်းမှုသင်တန်းတက်ရောက်နေကြသော သင်တန်းသူများအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို တတ်မြောက်အောင်သင်ကြားပြီး အသက်မွေးဝမ်းကျောင်းပြုရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များပေးအပ်ကာ သင်တန်းသူများ စက်ချုပ်သင်တန်း တက်ရောက်ပညာသင်ကြားမှု၊ အိပ်ဆောင်၊ စားရိပ်သာနှင့် စားချက်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းဝင်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် န်ပုံငွေဖြင့် ဆောင်ရွက်နေသည့် သုံးထပ်ဆောင်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်ချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်