နေပြည်တော် ဇူလိုင် ၄
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ် မြေ၌ ကျင်းပသည့် (၇) ကြိမ် မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလ အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရွှေနန်းတော် ဟိုတယ်ဧည့်ခန်းမ၌ သီးခြား တွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အာဆီယံတူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်နေမှုနှင့် နှစ်နိုင်ငံအကြားဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်