Skip to main content

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ဥပဒေရုံးများ ဖွင့်လှစ်ပေး

ရန်ကုန် ဇူလိုင်

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဥပဒေရုံး အဆောက်အအုံသစ်များကို မြို့နယ်များအလိုက် သီးခြားစီဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က သာကေတမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ်နှင့် ရန်ကင်း၊ အလုံမြို့နယ်ဥပဒေရုံး အဆောက်အအုံသစ်များကို ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ရုံးသစ်ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်၍ လည်းကောင်း ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းအား နံ့သာရည်ဖြင့် ပက်ဖျန်းပေးကြကာ အဆောက်အအုံများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် မြို့နယ်အဆောက်အအုံသစ်များ ဖွင့်လှစ်ခြင်းအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး ဥပဒေချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် အဆောက်အအုံသစ်များအား ဆောက်လုပ်ခဲ့ကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက အဆောက်အအုံဆိုင်ရာ အချက်အလက်များကို တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမောင်မောင်တာထံ လွှဲပြောင်းပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို မင်္ဂလာခန်းမကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ဗီဒီယိုမှတ်တမ်းဖြင့်ပြသပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဥပဒေရုံးများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရရှိခဲ့ကြသော ဝန်ထမ်းသား၊ သမီးများအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရန် လိုအပ်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်