နေပြည်တော် ဇွန် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု ကလေးစာပေ ပထမဆုရရှိသည့် စာရေးဆရာမဝတ်ရည်ခင်(ပဲခူး)၏ “မြန်မာ့မေတ္တာစွမ်း ကမ္ဘာကိုလွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကလေးငယ်များအတွက် ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ ရှုမြင်သုံးသပ်လျက် အသိပညာမြင့်မားရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးစိတ်ရင့်သန်လာစေရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုစိတ် မြင့်မားရေးတို့အတွက် ရိုးရှင်းပြေပြစ်သောစကားပြေဖြင့် ဝတ္ထုတိုပုံဟန်ဖွဲ့ဆိုရေးသားထားသည်။ ထို့ပြင် ကလေးငယ်များ မြန်မာမှုကိုမြတ်နိုးလာစေရန်၊ အမိအဖ ဆရာသမားတို့၏ ဆုံးမသွန်သင်မှုကို လိုက်နာတတ်ကြစေရန် ပါးနပ်လိမ္မာစွာ တိုက်တွန်းနှိုးဆော်ထားသော ကလေးဝတ္ထုတို စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ် ၂၀၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ် ဆိုင်(ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန(ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
သက်စွန့်ဆံဖျား တောင်တက်ခြင်းအားကစား
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ဒုတိယဆုရရှိသည့် စာရေးဆရာမ ဆွေဆွေအုန်း (ရန်ကုန်တက္ကသိုလ်)၏ “သက်စွန့်ဆံဖျား တောင်တက်ခြင်းအားကစား” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
လူငယ်များအား ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာထမ်းဆောင်လျက် လောကကြီးထဲသို့ ထူးထူးချွန်ချွန် ထိုးဖောက်ဝင်ရောက်ပြီး ဇွဲသတ္တိရှိရှိ အပြန်အလှန် ရိုင်းပင်းကူညီတတ်ကာ အဖွဲ့အစည်းစိတ်ဓာတ်ရှိလာစေရန်၊ အများအကျိုးသယ်ပိုးဆောင်ရွက်တတ်စေရန်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအကြောင်းများကို ပို၍သိလာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ရေးသားထားသည်။
တောင်တက်ခြင်းအားကစား၏ သမိုင်းကြောင်း၊ တောင်တက်နည်းစနစ်များ၊ တောင်တက်သုံးကိရိယာများ၊ တောင်တက်ခြင်းနှင့် ဆက်နွှယ်ဖြစ်ပွားတတ်သော ရောဂါများနှင့် ပြစုပုံတို့ကို ဓာတ်ပုံ၊ ရုပ်ပုံများဖြင့်လည်းကောင်း၊ ကျမ်းကိုးများဖြင့်လည်းကောင်း ဝေဝေဆာဆာ ရေးသားဖော်ပြထားသောကြောင့် ခြေကျင်တောင်တက်အားကစားကို စိတ်ဝင်စားသည့် လူငယ်များနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို စိတ်ဝင်စားသူများအတွက် ဗဟုသုတရရှိစေမည့်အပြင် အထောက်အကူဖြစ်စေနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ် ၂၅၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန(ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်