Skip to main content

သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၅) စတင်ဖွင့်လှစ်

ရန်ကုန် ဇွန် ၂၀

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြီးမှူး၍ သတင်းမီဒီယာသမားများအတွက် အရည်အသွေးမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၅)ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းမ၌ ယနေ့စတင်ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အမှာစကားပြောကြားပြီး မျက်မှောက်ကာလ သတင်းမီဒီယာလောက၏ အခြေအနေများနှင့် ယှဉ်တွဲလျက် သတင်းတုသတင်းမှားများကို တန်ပြန်ချေဖျက်နိုင်မည့် သတင်းအမှန်များ ပိုမိုရေးသားနိုင်ကြစေရေး၊ အွန်လိုင်းစာမျက်နှာများပေါ်ရှိ သတင်းအမှားများကို ပြည်သူများက ကောင်းစွာသိရှိပြီး သတိပြုဆင်ခြင်နိုင်ကြစေရေးတို့အတွက် သတင်းသမားများ၏ အခန်းကဏ္ဍက အရေးကြီးပြီး သတင်းရေးသားဖော်ပြမှုများကို အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုထံ ရောက်ရှိစေနိုင်မည့်နည်းလမ်းများကို ယခုသင်တန်းမှ ပို့ချဆွေးနွေးပေးသွားမည်ဖြစ်သည့်အတွက် ဂရုစိုက်လိုက်နာမှတ်သားကြရန် မှာကြားသည်။

အခမ်းအနားသို့မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနှင့် ကောင်စီဝင်များ၊ သင်တန်းသားသင်တန်းသူ/သတင်းသမားများ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ယခုဖွင့်လှစ်သည့် သင်တန်းကို ဇွန် ၂၀ ရက်မှစတင်ပြီး ဇွန် ၂၄ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်