နေပြည်တော် ဇွန် ၁၉
မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနကကြီးကြပ်၍ သံဖြူဇရပ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံ၌ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂/၂၀၂၂)ကို ဇွန် ၁၇ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး၊ တာဝန်ရှိသူများနှင့် သင်တန်းသား ၃၀ တက်ရောက်သည်။ သင်တန်းတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ လုပ်ငန်းခွင်အတွင်းထိခိုက်မှုမရှိ စေရေး အတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု၊ VMS ညွှန်ကြားချက် ၅/၂ဝ၂၀၊ ရှေးဦးသူနာပြုစုနည်း အသိပညာပေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း၊ လူကုန်ကူးမှုနှင့်မှုခင်းများ ကျဆင်းတားဆီးနှိမ်နင်းခြင်း အသိပညာရပ်များကို သင်ကြားဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်