နေပြည်တော် ဇွန် ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်) လမ်းပိုင်း မိုင်(၁၂/၀) နှင့် (၁၂/၁)ကြားရှိ လှည်းကူး-ဖောင်ကြီးလမ်း Under Pass ယာဉ်သွားလာ မှုနှင့် တံတားကြံ့ခိုင်မှု ကိုလည်းကောင်း၊ မိုင် (၉/၆)မှ တစ်ဆင့် ငါးဆူတောင်ကျေးရွာ-ကြာအင်းလမ်း ကွန်ကရစ်လမ်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ညောင်နှစ်ပင်အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး အဝင်လမ်း မြေသားအမာခံလမ်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ထိန်းသိမ်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မူလပုံစံမပျက် ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်တည်တံ့အောင်ထိန်းသိမ်းမည့် စီမံချက်ရေးဆွဲဆောင်ရွက် ရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ညီလာခံခန်းမကြီး၊ အထောက် အကူပြုခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ စင်္ကြံလမ်း၊ ရုံးခန်း၊ ဆက်သွယ်ရေး အဆောက်အအုံ၊ စာသင်ဆောင်၊ ကွန်ပျူတာဆောင်နှင့် အများသုံး အိမ်သာပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၁) ခရိုင်ချင်းဆက်လမ်း မိုင်(၀/၀)မှ မိုင်(၅/၇) အတွင်း လမ်းဖောက်လုပ်နေမှုနှင့် ကျောက်ချော လမ်းဖောက် လုပ်နေမှုကိုလည်းကောင်း၊ ဆတ်သွားတော- ညောင်နှစ် ပင်လမ်းကို ၁၈ ပေအကျယ်ချဲ့ခြင်း၊ လမ်းပခုံးပြုပြင်ခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်