Skip to main content

အာဆီယံဒစ်ဂျစ်တယ်နည်းပညာ စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်

နေပြည်တော် ဇွန် ၁၆

အာဆီယံဖောင်ဒေးရှင်းနှင့် ဂျာမနီနိုင်ငံတို့မှ Software ကုမ္ပဏီ SAP (Systems Applications and Products in Data Processing) တို့ပူးပေါင်းပြီး “အာဆီယံဒစ်ဂျစ်တယ်နည်းပညာ စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်” (ASEAN Digital Empowerment-DE)အား စတုတ္ထစက်မှု တော်လှန်ရေးကာလအတွင်း လူငယ်များ၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်ရည်ရွယ်၍ အွန်လိုင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်သို့ အသက် ၁၈ နှစ်မှ နှစ် ၃၀ ကြား အာဆီယံနိုင်ငံသားများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များရှိတက္ကသိုလ်များတွင် လက်ရှိပညာသင်ကြားနေသည့် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ (ဒီပလိုမာ၊ ဘွဲ့ကြို၊ ဘွဲ့လွန်)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးအလုပ်အကိုင်ရှာဖွေနေသူများ၊ လက်ရှိအလုပ်လုပ်ကိုင်နေပြီးပိုမိုကောင်းမွန်၍ ရေရှည်တည်တံ့သည့်အလုပ်အကိုင်ကို ရှာဖွေနေသူများ၊ အွန်လိုင်းမှတစ်ဆင့်ခြောက်လ သင်တန်းကိုပြီးမြောက်အောင်တက်ရောက်နိုင်သူများနှင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုရေးသားနိုင်သူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

အထက်ဖော်ပြပါသတ်မှတ်ချက်များနှင့်ပြည့်စုံသည့် ပါဝင်လိုသောလူငယ်များသည် ၂၀-၆-၂၀၂၂ ရက် နောက်ဆုံးထားကာ bit.ly/ASEANDEform မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို အီးမေးလ်လိပ်စာ ilan.asqolani @aseanfoundation.org သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည့်အပြင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနလူငယ်ရေးရာဦးစီးဌာန တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၁၃၉၅၀၊၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃ များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

သတင်းစဉ်