နေပြည်တော် ဇွန် ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine CIPOLLA ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် ICRC တို့အကြား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ပူးပေါင် းဆောင်ရွက်နိုင်ရေး၊ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးထားသည့် Regional Agreement များ သက်တမ်းတိုးရေးကိစ္စ၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အဓိကဆက်သွယ်ရသည့် ဝန်ကြီးဌာနဖြစ်သည့်အတွက် ICRC မှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် သက်ဆိုင်ရာ နှီးနွယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေမှုနှင့် ပိုမိုကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်နိုင်ရေး ကိစ္စ၊ ICRC နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ UDK အစရှိသည်တို့အား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)