နေပြည်တော် ဇွန် ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ လယ်ယာထွက်ကုန် တင်သွင်းတင်ပို့မှုဆိုင်ရာ အရည်အသွေး စံသတ်မှတ်ချက် သဘောတူညီမှု ညှိနှိုင်းဆောင်ရွက်ရေး၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များအား တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်