Skip to main content

အလုပ်သမားဝန်ကြီးဌာန မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇွန် ၁၄

အလုပ်သမားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိရုံးအမှတ် (၅၁) နှင့် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)တို့၌ ကျင်းပသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် စိန်တစ်လုံးသရက် ပျိုးပင်များကို စိုက်ပျိုးပေးခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများက စိန်ပန်းပင် ၁၂၀၊စိန်တစ်လုံး သရက် ၄၂ ပင် စုစုပေါင်း ၁၆၂ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးအမှတ် (၅၁)တွင် ပြည်ထောင်စုဝန်ကြီးရုံး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများက ရွှေသပြေ ၁၀၊ စိန်ပန်းပင် ၂၀၊ စိန်တစ်လုံးသရက် ၄၅ ပင်၊ တမာပင် ၂၀စုစုပေါင်း ၉၅ ပင် စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။

ယနေ့ပြုလုပ်ခဲ့သည့် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲများတွင် ရွှေသပြေ ၁၀၊ စိန်ပန်းပင် ၁၄၀၊ စိန်တစ်လုံးသရက် ၈၇ပင်၊ တမာပင် ၂၀ စုစုပေါင်း ပျိုးပင် ၂၅၇ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်