လယ်ဝေး ဇွန် ၁၄
၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက် ၀၉:၂၀ နာရီတွင် လယ်ဝေးမြို့နယ် မမစ(လယ်ဝေး)၏ အရှေ့မြောက်ဘက် ၂ မိုင် ခန့်ကွာ ဗောဓိကုန်းကျေးရွာ ဗောဓိကုန်းမီးပွိုင့်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်ခြမ်းရှိ မငုဝါ (၃၀)နှစ် ဗမာ/ဗုဒ္ဓ ဈေးရောင်း (ဘ)ဦးဆန်းအောင် ဗောဓိကုန်းကျေးရွာ လယ်ဝေးမြို့နယ်နေသူ၏ ကွမ်းယာဆိုင်အနီး၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ မမစမှူး(လယ်ဝေး) ဒုရဲမှူး ဇော်ထွန်းဦး ဦးစီးအဖွဲ့က ၀၉:၃၀ နာရီတွင် ရောက်ရှိစစ်ဆေးရာ ပေါက်ကွဲအပိုင်းအစများအား တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် အဆိုပါအနီးတွင် ရပ်ထားသည့် နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၇) တပ်ဖွဲ့စုမှ လ ၁၉၀၁၂၉ ရဲတကက ကျော်မင်းဦး ၏ BL/7453 Light Truck မတယတွင် ရှေ့လေကာမှန်(တန်ဖိုး-စိစစ်ဆဲ)ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းနှင့် မိုင်းရှင်းလင်းဆောင်ရွက်နိုင်ရေး စအရ(၉၂၀)သို့ အကြောင်းကြားထားရှိစဉ် ၁၀:၁၅ နာရီတွင် အဆိုပါနေရာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အနောက်ဘက်ခြမ်းမှ လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း ကနဦး သိရှိရပါသည်။