Skip to main content

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲကျင်းပ

နေပြည်တော် ဇွန် ၁၂

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဗထူးတပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်းဝင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို မိုးပျံပူဖောင်း ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီး သရုပ်ပြပစ်ခတ်ခြင်း၊ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ပစ်ခတ်မှုများအား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ခုနစ်သင်းနှင့် အမျိုးသမီးအသင်း ခုနစ်သင်းတို့ဖြင့် ဇွန် ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်