Skip to main content

တာဝန်မှကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများအား သတ်မှတ်ရက် ထပ်မံတိုးမြှင့် ဖိတ်ခေါ်ခြင်း

ခြိမ်းခြောက် အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့် လည်းကောင်း၊ သွားလာမှု ခက်ခဲခြင်းကြောင့် လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှ ကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ် လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကို ရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည် ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံး သို့ဖြစ်စေ၊ မိမိတို့ လက်ရှိ နေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ် ပညာရေးမှူးရုံးသို့ဖြစ်စေ ၇-၆-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန် ဖိတ်ခေါ်ခဲ့ရာ ယနေ့အထိ ဆရာ ဆရာမ ၂၉၆၀ ဆက်သွယ် သတင်းပို့ခဲ့ပါသည်။

ဆက်သွယ် သတင်းပို့ရန် ဆန္ဒရှိပါသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသော အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်း မရှိသော ဆရာ ဆရာမများ အတွက် သတင်းပို့ ဆက်သွယ်ရမည့် ရက်ကို (၁၄-၆-၂၀၂၂) ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့် သတ်မှတ် ပေးလိုက်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့