နေပြည်တော် ဇွန် ၁၁
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲက မိတ္ထီလာမြို့ ကန်တော်မင်ရပ်ကွက် ရန်ကုန်-မန္တလေး သွား ကားလမ်းဟောင်းတွင် သိန်းစိုးဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၀၀၀ကို လည်းကောင်း၊ ထိုနေ့ ညနေ ၆ နာရီခွဲတွင် မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် ဒိုင်းဝန်ကွင်းလမ်းတွင် မနော်အိအိဖြိုးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်