Skip to main content

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လူနာပို့ပြီး ပြန်လာသည့် လူနာတင်ယာဉ်အား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိ

နေပြည်တော် ဇွန် ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဉ်အား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လူနာတင်ယာဉ် ၁ စီးအား အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ စစ်တောင်းကျေးရွာနေ ကိုအောင်မျိုးသူမောင်းနှင်ပြီး တစ်ရွာတည်းနေ ကိုနေလင်းထွန်း(၄၂)နှစ် (ဘ)ဦးရဲအောင်၊ ကိုပြည့်ဖြိုးအောင်(၂၇)နှစ် (ဘ)ဦးမြဝင်းနှင့် ကိုကျော်ဇင်ဦး(ခ)ငပွားတို့ လိုက်ပါလာသည့် လူနာတင်ယာဉ်သည် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ လူနာသွားရောက်ပို့ဆောင်ပြီး စစ်တောင်းကျေးရွာသို့ ပြန်လည်ထွက်ခွာလာစဉ် အင်္ဂဘိုကျေးရွာအနီးအရောက်တွင် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကိုပြည့်ဖြိုးအောင်နှင့် ကိုကျော်ဇင်ဦး(ခ)ငပွားတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ကိုပြည့်ဖြိုးအောင်မှာရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ လူနာတင်ယာဉ်အား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။