Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇွန် ၉

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရုံးအမှတ် (၄၅) အနီး၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တက်ရောက်၍ အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို စိုက်ပျိုးကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၏ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကိုစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် တစ်ရှူးငှက်ပျောစိုက်ခင်းကို လှည့်လည်ကြည့်ရှုသည်။ ယနေ့ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်၊ မဟော်ဂနီပင်၊ ပိတောက်ပင်၊ သင်းဝင်ပင်၊ ခရေပင်၊ အရိပ်ရလေကာ မန်ဂျန်ရှားပင်၊ စုစုပေါင်း အပင် ၁၁၂၀ စိုက်ပျိုးခဲ့ကြသည်။ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ရုံးချုပ်များနှင့်ဒေသအနှံ့ရုံးဌာန အားလုံးတွင် ယနေ့အထိ ရတနာတန်းဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင်များ စုစုပေါင်း ၄၂၀၉၉ ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်