နေပြည်တော် ဇွန် ၇
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိဘိန်းဖြူ ၂၁ ဒသမ ၆ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် မန္တလေး-လားရှိုးသွား ကားလမ်း နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင်သီပေါမှ မန္တလေးဘက်သို့ ရဲကျော်သူရမောင်းနှင်လာသည့် FUSO ၁၂ ဘီးမော်တော်ယာဉ်ကိုသတင်းအရ ရှာဖွေရာဒေသကာလတန်ဖိုးငွေကျပ် သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရသိမ်းဆည်းရမိဘိန်းဖြူများကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်