Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီစစ်ဆေး

နေပြည်တော် ဇွန် ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဌ)တွင် ပြဋ္ဌာန်းထားသောနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီနိုင်ငံရေးပါတီများကိုမှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့်ကြီးကြပ်စေခြင်းတာဝန်နှင့်အညီနိုင်ငံရေးပါတီ များ၏ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ထားခြင်း ရှိ၊မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်ဦးဆောင်ပြီး တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့်အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့်စစ်ဆေးရေးအဖွဲ့သည် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party) ကို ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဇွန် ၇ ရက်မှ ၉ ရက်အထိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်