Skip to main content

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ဧကာဒသမအစည်းအဝေးကျင်းပမည်

နေပြည်တော် ဇွန် ၇

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ဧကာဒသမအစည်းအဝေးကို ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း(၃၊ ၄၊ ၅၊ ၆) ရက်၊ ၂၀၂၂ ခုနှစ်၊ ဇွန် (၃၀) ရက်နှင့် ဇူလိုင် (၁၊ ၂၊ ၃)ရက်၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း (၇၊ ၈)၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင် (၄၊ ၅)ရက်၊ တနင်္လာ၊ အင်္ဂါနေ့များတွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဆရာတော်ကြီးများသည် ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း (၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ဇွန် (၂၉)ရက်၊ ဗုဒ္ဓဟူးနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့်ပင့်လျှောက်ထားပြီးဖြစ်သည်။

ပင့်လျှောက်စာများ အချိန်မီမရောက်ရှိပါကလည်း အဆိုပါနေ့ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်အပ်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။