Skip to main content

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ထောက်ပံ့ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့သော ပထမနှစ်ကျောင်းသား ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၂ ရက်က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် (စီမံ)၊ သင်ကြား/ စီမံဌာနမှူးများ၊ ပထမနှစ် သင်ကြားပေးမည့် ဆရာ ဆရာမများနှင့် မောင်မယ် သစ်လွင် ကျောင်းသား ကျောင်းသူ များအား မိတ်ဆက်ပေးကာ သင်တန်းရေးရာ ဌာနမှူးက သင်တန်းရေးရာဌာန၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အထူးပြုဘာသာရပ် ငါးဌာန၏ ဌာနမှူးများက ဘာသာရပ်ဆိုင်ရာများ မိတ်ဆက်ပြောကြားပြီး ဘာသာရပ်အလိုက် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိနိုင်မှုကို ရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ ပေးအပ်သည့် ပထမနှစ် ကျောင်းသား ကျောင်းသူ မောင်မယ်သစ်လွင် ၂၀၂ ဦးအတွက် ငွေကျပ် ၁၀၂၃၀၀၀၀ တန်ဖိုးရှိသည့် ပုံနှိပ်စာအုပ်များကို ပြည်ထောင်စုဝန်ကြီး ကိုယ်စား ပါမောက္ခချုပ်က အတန်း ကိုယ်စားလှယ် ကျောင်းသား ကျောင်းသူများကို ပေးအပ်ချီးမြှင့်သည်။ ထို့အပြင် ဝန်ကြီးဌာနမှ ကျောင်းဝတ်စုံကြေးများ ထပ်မံထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်