Skip to main content

တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား သက်မှတ်ရက်တိုးမြှင့်ဖိတ်ခေါ်ခြင်း

ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့်အရေးယူခံထားရသည့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ ၃၁-၅-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့ရာ ယနေ့အထိ ဆရာ၊ ဆရာမ (၂၄၈၂) ဦး ဆက်သွယ်သတင်းပို့ခဲ့ပါသည်။

ဆက်သွယ်သတင်းပို့ရန် ဆန္ဒရှိပါသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသောအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်းသတင်းပို့နိုင်ခြင်းမရှိသော ဆရာ၊ ဆရာမများအတွက် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို (၇-၆-၂၀၂၂) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပေး လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့