Skip to main content

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၀ ရက် မွန်းလွဲ ၁နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက် ၁၃၉ လမ်း ၅၂ x ၅၃ လမ်းကြားရှိ ဂိုဒေါင်ကို သတင်းအရရှာဖွေရာ ဟိန်းဝင်းစိုးနှင့်တာရိုစေးတို့နှစ်ဦးကို Hino ၁၂ ဘီး မော်တော်ယာဉ်တစ်စီး၊ Nissan Van မော်တော်ယာဉ်တစ်စီးနှင့်အတူတွေ့ရှိပြီး Hino ၁၂ ဘီးယာဉ် ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၉ ဒသမ ၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၃၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိ ပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်