နေပြည်တော် ဇွန် ၁
ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (10th ASEAN Quiz) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်သုံးဦး ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်သုံးဦး ရွေးချယ်နိုင်ရန်အတွက် အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ - နိုင်ငံအဆင့် (10th ASEAN Quiz-National Level)ကို ဇွန် ၁ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio A ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ရွေးချယ်ထားသော ကျောင်းသား ကျောင်းသူ ၁၀ ဦးတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ ထိုသို့ ယှဉ်ပြိုင်မှုများကို MRTV HD Channel မှ ဇွန်(၆၊ ၇၊ ၈)ရက်များတွင် ညနေ ၆ နာရီ သတင်းအပြီး၌ မြန်မာစာတန်းထိုးဖြင့် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်