နေပြည်တော် မေ ၃၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၀ ရက် နံနက် ၅ နာရီက နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီး၊ လားရှိုး - မန္တလေးသွား ကားလမ်းတွင် အောင်ကိုကို(ခ)ပေါက်စ မောင်းနှင်ပြီး အောင်အောင်နိုင် လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏နောက်ခန်း ထိုင်ခုံအောက်နှင့် ဆီတိုင်ကီအံဝှက်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၆၀၀၀၊ ဘိန်းစိမ်း ၁၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် အောင်ကိုကို(ခ)ပေါက်စ (၂၈)နှစ်နှင့် အောင်အောင်နိုင် (၄၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်