Skip to main content

နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်ကြေညာချက် (၃/ ၂၀၂၂) ထုတ်ပြန်

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်၊ အင်္ဂါနေ့

၁။      ယခုအချိန်သည် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက် ပေးနေချိန်ဖြစ်ပါသည်။

၂။       သို့ရာတွင် နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီးလိုသော အဖွဲ့အစည်းများက စာသင်ကျောင်းများ လူစည်ကားရာ နေရာများတွင် ဗုံးခွဲတိုက်ခိုက် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ အပြစ်မဲ့ပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများပါ ထိခိုက်ဒဏ်ရာရ သေကျေပျက်စီးရသည့် သတင်းများကို စိတ်မချမ်းမြေ့ဖွယ် ကြားသိမြင်တွေ့နေရပါသည်။

၃။      နိုင်ငံနှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကကျသည့် အခြေခံအုတ်မြစ် ဖြစ်သဖြင့် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးကို အနှောင့်အယှက် အဟန့်အတားပြုလုပ်သည့်အပြင် အပြစ်မဲ့ပြည်သူများ၏ အသက်ခန္ဓာများ ဆုံးပါးပျက်စီးအောင် ပြုလုပ်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပါကြောင်းနှင့် လုံးဝလက်မခံ ကန့်ကွက်ပါကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။  

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ