Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအား ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်အညီစစ်ဆေး

နေပြည်တော် မေ ၃၁

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ( ဌ )တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

စစ်ဆေးဆောင်ရွက်

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဦးဆောင်ပြီး ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ကယားပြည်နယ် အခြေစိုက်ဖြစ်သော ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(Kayah State Democratic Party)ကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် မေ ၂၇ ရက်မှ ၂၉ ရက်အထိ စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

သတင်းစဉ်